SAs OF THE MONTH (FEB)
Rent 2 Own မှာအလုပ်စဝင်တာနဲ့ သူငယ်ချင်းတွေ ပတ်ဝန်းကျင်ကအသိမိတ်ဆွေတွေကို Rent 2 Own ရဲ့ product တွေ အကြောင်းရှင်းပြပေးပါတယ်။ မိမိရဲ့ personal Facebook account ကနေလဲ ရရှိနိုင်တာလေးတွေနဲ့ပုံလေးတွေတင်ပါတယ်။ POS မှာလာစုံစမ်းတဲ့ client တွေကိုလဲ လက်မလွှတ်ရအောင် တစ်ယောက်ချင်းစီသေချာရှင်းပြပြီး အမြဲတမ်း follow up လိုက်ပါတယ်။ Customer services ကိုအထူးအလေးထားပြီး client တွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ပဲ အဓိကထားလုပ်ဆောင်ပါတယ်။ Merchant တွေအပြင် ဆိုင်ဝန်ထမ်းတွေနဲ့ပါ Relationship တည်ဆောက်ပြီး App များများတင်နိုင်အောင်ကြိုးစားပါတယ်။ စီနီယာတွေဖြစ်တဲ့ကိုဘုန်းမြင့်ကျော် နဲ့ မကြည်ကြည်စု ရဲ့အများကြီးသင်ပြပေးမှုတွေပံ့ပိုးမှုတွေလဲပါတယ်ခင်ဗျ။
လက်ဆွဲဆောင်ပုဒ်ကတော့
"အကောင်းဆုံးတွေဖြစ်လာဖို့အတွက် အဆိုးဆုံးအရာတွေကို ကြံ့ကြံ့ခိုင်ခိုင် ဖြတ်သန်းနိုင်ရမယ်။ ဘာတွေရယူနိုင်မလဲဆိုတာထက် ဘာတွေပေးဆပ်ပြီးပြီလဲဆိုတာပဲတွေးပါတယ်"
Rent 2 Own မှာ ရောင်းအား တိုးတက်ရေးအတွက် Client များအား Social Media Marketing & Public Area Marketing များစွာ ြပုလုပ်ခဲ့ပါသည်။ R2O ြဖင့် အရစ်ကျ ရောင်းအား တိုးတက်ရေးအတွက် Merchant များ ဆိုင်ဝန်ထမ်းများနှင့်လည်း Relationship တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။
လက်ဆွဲဆောင်ပုဒ်ကတော့
" အရိပ်လိုချင် နေပူထဲကစောင့်ဆို်တဲ့ ဆောင်ပုဒ်အတိုင်း ဇွဲ လုံ့လ ဝိရိယ ကံ ညာဏ်များဖြင့် ကြိုးစားအားထုတ်ပြီးမှ အောင်မြင်မှု ပန်းတိုင်ဆီသို့ ရောက်ရှိမယ်လို့ တွေးပါတယ်"
Rent 2 Own မှာအလုပ်စဝင်တဲ့အချိန်ကစပြီး ရပ်ကွက်ထဲကအသိမိတ်ဆွေ သူငယ်ချင်း ဆွေမျိုးများကိုလဲ ညညီမတို့ R2Oမှာ အရစ်ကျယူလို့ရကြောင်းရှင်းပြပေးဖြစ်တယ်။ R2Oနဲ့ချိတ်ဆက်ပြီးရင်လဲ ရရှိလာမဲ့အကျိုးခံစားခွင့်လေးတွေရှိကြောင်း အသေးစိတ် ရှင်းပြဖြစ်ခဲ့တယ်။ဆ်ိုင်များမှာလာရောက်မေးမြန်းတဲ့ customerများကိုအသေးစိတ် နားမလည်မချင်း အတိုးနှုန်းလေးတွေ ခံစားခွင့်လေးတွေကို ရှင်းပြပေးဖြစ်တယ်။လာမေးတဲ့ Customer ဖုန်းnoယူထားပီးနောက်ရက်တွေမှာ ယူဖစ်လားမေးပြီးဆက်သွယ်ခဲ့ပါတယ်။မနက်ရုံးတက်တိုင်းဆိုင်မှာရှိတဲ့ R2Oနဲ့ပတ်သက်တဲ့ Marketing Itemsများကို နေ့စဉ်စစ်ဆေးပြီး Merchantနဲ့ စကားများများပြောပြီး Merchant လိုအပ်ချက်တွေကိုနားထောင်ပြီး Merchant Relationship အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားပါတယ်ရှင့်။
R2O Logo ပါတဲ့လက်ကမ်းစာစောင်များကိုလဲ ညီမတို့ SA တွေရဲ့ Ph no ထည့်ပီး မြို့ထဲ/စျေးထဲမှာဝေခဲ့ပြီး အရစ်ကျရကြောင်းလဲ ကြေငြာခဲ့ပါတယ်ရှင့်။Customerများစိတ်ကျေနပ်မူ ရရှိ အောင် ကောင်းဆုံးဝန်ဆောင်မှုနဲ့ ကြိုးစားခဲ့ပါတယ်ရှင်။စီနီယာများဖြစ်ကြတဲ့ မမေဖြိုးထွန်းနဲ့ ကိုခန့်စိုးဟိန်းတို့ရဲ့ သင်ပြပေးမှုတွေကြောင့်လဲ ပါခဲ့ပါတယ်ရှင့်။
ညီမရဲ့လက်စွဲဆောင်ပုဒ်ကတော့
"ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုကရှိစမြဲ"" အာ့တာကြောင့်လဲ ခုလိုကြိုးစားဖြစ်ခဲ့တာပါရှင့်